Wednesday, January 5, 2011

ကလေး-တောင်ညိုစကား(နှစ်သစ်ဆောင်း၊ ရှိုးပွဲနဲ့ မရှိတော့မှ ပိုလို့လွမ်း ကိစ္စ)

ဒီနှစ်ဆောင်းကသိပ်အေးတာပဲ။ အရိုးထဲထိအောင်ကို အေးပေါ့။ဆောင်းဦးကာလပိုင်းတွေမှာ စိတ်မကောင်းစရာက မြို့လုံးအနှံ့မှာအသုဘသတင်းတွေ စီနေတာပါပဲ။ အသက်ကြီးပိုင်းတွေနဲ့အသောက်များတဲ့လူငယ်တွေများပါတယ်။ရပ်ကွက်တိုင်းကိုမလွတ်ဖြစ်နေတာ။

ဖိုးတွယ်ပုံမှန်သွားနေကျလမ်းတစ်ခုမှာဆိုအသောက်များတဲ့သူငယ်ချင်းနှစ်ယောက်က ရှေ့ဆင့်နောက်ဆင့်ဖြစ်သွားတာပါ။တစ်ဦးရဲ့ရက်လည်မှာ နောက်တစ်ဦးကလိုက်သွား ဆိုပါစို့။ သောက်တတ်သူများသတိထားဆင်ခြင်သင့်တဲ့ရာသီပါ။ နှစ်ဟောင်းကုန်ညောင်းတော့မယ့်ဒီဇင်ဘာလဆိုတော့ ဆောင်းတွင်းပွဲတွေကလည်း ဆက်နေတာပါပဲ။ ချင်းပြည်နယ်တီးတိန်မြို့မှာ ချင်းဘာသာနဲ့သာသနာ နှစ်တစ်ရာပြည့်ပွဲတော်ကျင်းပတာကြားမိတယ်။ ကလေးမြို့ပေါ်က ခရစ်ယာန်ဘာသာရေးကျောင်းပေါင်းစုံ တောင်ပေါ်ကိုကားတွေနဲ့ အုပ်လိုက်အုပ်လိုက် တက်သွားကြလေရဲ့။ တစ်ပျော်တစ်ပါးကြီးပဲပေါ့။လူဦးရေ ငါးသောင်းကျော်လောက်ရှိတယ်ကြားရတယ်။ လေးရာက်တာ ကြာတဲ့ပွဲတော်ကြီးပေါ့။ မကြာခင် ခရစ်စမတ်ပွဲတော်ကြီးကလည်းကမာအနှံ့မှာကျင်းပကြဦးမယ်။ နောက် နယူးရီးယား နှစ်သစ်ကူးပွဲတော်ရောက်လာမယ်။ ဆောင်းနှင်းမှုန်အောက်မှာ ပျော်ပွဲရွှင်ပွဲတွေက တန်းစီလို့ပါ။


××××××××××=========×××××××××××××
ဒီဇင်ဘာလ (၁)ရက်နေ့မှာ ကလေးမြို့ Forever ဖက်ရှင်ဆိုင်ကပြုလုပ်တဲ့ဖက်ရှင်ရှိုးပွဲတစ်ခုကို ဖိုးတွယ်ရောက်ခဲ့ပါတယ်။ ပထမဆုံးပြုလုပ်တဲ့ပုဂလိက ဖက်ရှင်ရှိုးပွဲလို့ ဆိုရမယ်။ မနလေးမြို့မှာပြုလုပ်ခဲ့တဲ့ 2010Dance Challence Champion Ship ပြိုင်ပွဲမှာ ပထမရရှိခဲ့တဲ့ Music CreatorDancer Group အဖွဲ့က Forever ရဲ့အထူးဖိတ်ကြားချက်နဲ့လာရောက်ဖျော်ဖြေပါတယ်။ ကလေးမြို့ခံ မော်ဒယ်အချို့ကလည်း ဖော်အဲဗားမှာရရှိနိုင်တဲ့ ဖက်ရှင်ဒီဇိုင်းမျိုးစုံကို ကြော်ငြာပေးပါတယ်။ လိုအပ်နေတဲ့ကွက်လပ်တစ်ခုကို ဖော်အဲဗားက ဖြည့်ပေးလိုက်ခြင်းပဲလို့ဆိုချင်ပါတယ်။ နောက်မာရီစတုပ် အင်တာနေရှင်နယ် မြန်မာ(ကလေးမြို့)က ပြုလုပ်တဲ့ ကမာ့ AIDSအထိမ်းအမှတ်ပွဲကိုလည်းရောက်ခဲ့ပါတယ်။ တေးသရုပ်ဖော် ပြိုင်ပွဲ၊
ပြဇာတ်တို့နဲ့ဖျော်ဖြေတယ်။ ဖရီးရှိုးဖြစ်ပြီးလူတော်တော်များများလာတာတွေ့ရတယ်။ လူပေါင်းနှစ်ရာနီးပါးခန့်ရှိမယ်ထင်ပါတယ်။ " အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့၊ခွဲခြားမှုကို ရှောင်ကြဉ်လို့၊ ကာကွယ်ကုသစောင့်ရှောက်စို့"ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ မြန်မာနိုင်ငံရဲ့ ရောဂါဖြစ်ပွားမှုနှုန်းဟာ၂၀၀၀ခုနှစ်မှာ(၀.၉၄%)၊ ၂၀၀၇ခုနှစ်မှာ (၀.၆၇%)၊ ၂၀၀၉ခုနှစ်မှာတော့(၀.၆၁%)ဆိုပြီး တဖြည်းဖြည်းလျော့ကျလာတာဟာ ၀မ်းသာဖွယ်ပါပဲ။ ဒီပွဲမှာရခဲ့တဲ့လက်ဆောင်ကတော့ အထူးပြောစရာမလိုလောက်ပါဘူး။ကိုယ်နဲ့မကွာဆောင်ထားရမယ့် အကာအကွယ်ပစည်းပါပဲ။
××××××××××=========×××××××××××××
ရန်ကုန်မှာနေထိုင်တဲ့ ကလေးမြို့သား စာရေးဆရာတစ်ယောက် မြို့ကို ခေတအလည်ရောက်လာတော့ ဖိုးတွယ်ရဲ့တောင်ညိုစကားတွေဖတ်ပြီး " တို့မြို့ကလူတွေကလည်း စာအရေးကောင်းတာနဲ့ ပတ်သက်ရင် မြဆင့်ချယ်တို့၊မောင်ကံချိုတို့လောက်ပဲ သတိရကြသလား မသိပါဘူး။ ငါ့ကျ ဘယ်သူမှ မပြောကြဘူး"တဲ့။ ဒီတော့ ဖိုးတွယ်နှုတ်က ရုတ်တရက်ထွက်သွားပါတယ်။ " အာ..ခင်ဗျားကသေမှမသေသေးပဲ" လို့။ နည်းနည်းတော့ လွန်သွားမယ်ထင်ပါရဲ့။ သူကလည်းစာအရေးကောင်းပါတယ်။ ဒါပေမယ့်ပေါ့...လူတို့ရဲ့ သဘာဝဟာ ရှိစဉ်မှာမတည့်အတူနေ ဘယ်လောက်ဖြစ်ဖြစ်၊ တကယ်တမ်းဝေးကြပြီဆိုရင် လွမ်းသကြတာဓမ္မတာပဲမဟုတ်လား။ ဖိုးတွယ်ရေးတဲ့ စာကို စာဖတ်သူတစ်ချို့ကကြိုက်ကြတယ်ဗျလို့ဆရာတစ်ဦးကိုပြောတော့" မင်း ကိုယ့်ကိုယ်ကို ဘ၀င်မြှောက်မနေနဲ့။ ကိုယ့်ကိုသတိထားမိလာလေ ပိုဂရုစိုက်ရလေပဲကွ။ မင်းရေးတဲ့စာတွေကောင်းတယ်ဆိုပြီးပီတိကိုခံစားတာကောင်းပေမယ့် နောက်ရေးမယ့်စာတွေက အကျိုးမဲ့တွေဆိုအချည်းနှီးပဲကိုယ့်လူ။ ကိုယ့်ကိုယ်ကိုထိန်းသိမ်းတတ်ဖို့ လိုသကွ" လို့ဆုံးမစကား ပြောလာပါတယ်။ မှန်ပါပေရဲ့။ ကျေးဇူးတင်မိပါရဲ့။ ကိုယ့်မှာနေရာရှိထားတယ်ဆိုပြီး ရေးချင်းရာတွေ လျှောက်ရေးနေရင်ကိုယ်မနိုင်တဲ့တာဝန်ကို ထမ်းဆောင်နေရသလိုဖြစ်မှာပါပဲ။ ဖိုးတွယ်ဟာကိုယ်ရေးတဲ့စာကိုဖတ်မိပြီး အသိတစ်စုံတစ်ရာ ရသွားတယ်ဆိုရင်ပဲကျေနပ်မိမှာပါ။ ဒါကလည်း စာရေးသူတိုင်းရဲ့ ဆနပဲဖြစ်မှာပါ။ နောက်ဆုံးအကျိုးပြုစာပေတွေ မရေးနိုင်တောင်မှ အကျိုးမဲ့တဲ့စာတော့ မရေးဘူးလို့ဆိုချင်ပါတယ်။ ဘေးဘောင်ကို သွားဖို့ ကလေး-တောင်ညိုစကားပါပဲလို့ ဆိုရင်း
ဒီတစ်ပတ် ဒီမျှပါပဲ။ ။