Saturday, March 26, 2011

ကိုယ်ရေးကိုယ်တာမသိတဲ့ ငှက်တစ်ကောင်

ကိုယ်တိုင်လမ်းလျှောက်ကြည့်မှ လမ်းပေါ်မှာ ကိုယ်လို အခြေမဲ့တွေများကြောင်း
သိရတယ် အိပ်မက်ကိုချိန်တွယ်တဲ့စက်လည်း မရှိတော့ ကိုယ့်အတ္တ
ဘယ်လိုရောင်းကောင်းကြောင်း မသိရသေး ခေါင်းထဲမှာသီဆိုမယ့်သီချင်း
အပိုင်းအစတွေ ယစ်မူးတုန်း ကိုယ့်စကားအမှားအတွက် ကိုယ့်ပါးကို
ရိုက်ခဲ့ရတယ် ချိန်းချောင်တဲ့စက်ဘီးတစ်စင်းလို ဘောင်ဘင်ခတ်တတ်တဲ့
မျက်နှာပေါ်က အဆီပြင်တွေ ခြစ်ထုတ်လို့ရအောင် ရွှဲသီးနေကြ ကိုယ့်လျှာကိုယ်
ကိုက်မိတိုင်း ဟင်းကောင်းစားရကြေးဆို မျက်ခမ်းလှုပ်တိုင်း ရန်ဖြစ်ရမယ်
နှာချေမိတိုင်း အတင်းပြောခံရမယ် အမြီးကိုထိလို့ ခေါင်းထောင်ထောင်ကြည့်
တတ်တဲ့ အမွှေးစုတ်ဖွားနဲ့ခွေးလို ငါလှုပ်ရှားသမျှ ငါ့အသားဖောင်းကြွဖို့
ဖြစ်လာ ငှက်ကလေးရေ ညည်းပူလောင်ခဲ့တဲ့ ငါ့လိပ်ပြာလှလှတွေဟာလည်း
ခုဆို ၀တ်ရည်ကိုသိုလှောင်တဲ့ အင်းဆက်မျိုးနွယ်ဖြစ်နေရပြီ စိတ်လှုပ်ရှားတိုင်း
မီးခိုးအဖြစ်ခံရတဲ့ ဗူးထဲကတံဆိပ်တစ်မျိုးနဲ့ စီးကရက်တွေ ညလူခြေ
တိတ်တိုင်း ငါ့စိတ်တွေ နမော်နမဲ့ တဇွတ်ထိုး အလိုလိုက်ခံရပုံက လမ်း
ပေါ်မှာ အခြေမဲ့တွေ အိပ်မက်ကိုဘယ်လိုရောင်းကောင်းကြောင်းမသိ
ရသေး ခေါင်းထဲမှာ ယစ်မူးတုန်း ကိုယ့်စကားအမှားအတွက် ချိန်းချောင်တဲ့
စက်ဘီးတစ်စင်းလို အဆီပြင်တွေ ရွှဲသီးနေကြ မျက်ခမ်းလှုပ်တိုင်း နှာချေ
မိတိုင်း ခေါင်းထောင်ထောင်ကြည့်တတ်တဲ့ ငါ့လိပ်ပြာလှလှတွေဟာလည်း ခုဆို
စိတ်လှုပ်ရှားတိုင်း ဗူးထဲကတံဆိပ်တစ်မျိုးမျိုးနဲ့ စီးကရက်တွေ ငါ့စိတ်တွေ
ကိုယ်တိုင်လမ်းလျှောက်ကြည့်မှ ချိန်တွယ်တဲ့စက်လည်းမရှိတော့ သီဆိုမယ့်
သီချင်း ဘောင်ဘင်ခတ်တတ်တဲ့ ကိုယ့်လျှာကိုယ်ကိုက်မိတိုင်း အမြီးကို
ထိလို့ အမွှေးစုတ်ဖွားနဲ့ခွေးလို ငါ့အသားဖောင်းကြွဖို့ဖြစ်လာ အင်းဆက်
မျိုးနွယ်ဖြစ်နေရပြီ စီးကရက်တွေအလိုလိုက်ခံရပုံက ကိုယ်လိုများကြောင်း
သိရတယ် ကိုယ့်အတ္တအပိုင်းအစတွေ ကိုယ့်ပါးကို ရိုက်ခဲ့ရတယ် မျက်နှာ`
ပေါ်က ခြစ်ထုတ်လို့ရအောင် ဟင်းကောင်းစားရကြေးဆို ရန်ဖြစ်ရမယ် အတင်း
ပြောခံရမယ် ငါလှုပ်ရှားသမျှ ငှက်ကလေးရေ ညည်းပူလောင်ခဲ့တဲ့ ၀တ်ရည်သိုလှောင်
တဲ့ မီးခိုးအဖြစ်ခံရတဲ့ ညလူခြေတိတ်တိုင်း နမော်နမဲ့ တဇွတ်ထိုး။ ။


လမင်းအို

No comments:

Post a Comment