ခက်တယ် ညီမလေး
မင်းကိုယ်တိုင်ပန်မယ့် ပန်းတစ်ပွင့်
ဘာကြောင့် အစ်ကို့ကို လာထုဆစ်ခိုင်းနေရတာလဲ
အစ်ကိုကိုယ်တိုင်က နတ်ခတ်တွေ
မမှန်ရတဲ့ကြား
ကျန်းမာရေး ကောင်း/မကောင်း
လက်ခဏာ မမေးချင်တော့ပါဘူး
ညီမလေး ပျော်မယ်ဆို လာနေပေါ့
ဒါပေမယ့်
လမ်းညွှန်ဆိုင်းဘုတ်တွေကို သေချာဖတ်ခဲ့ပါကွယ်
ပျော်ရွှင်ပါစေ ညီမလေးရေ
နောက်တစ်ခါညီမလေး ပွင့်ဦးမယ်ဆိုရင်
ဝတ်မှုန်ကူးမခံရအောင်တော့ ဂရုစိုက်ပေါ့
တစ်ခုတော့ ပြောချင်တယ်
ဘူတာကြီးနား နောက်ထပ် မသွားချင်ပါနဲ့လားကွယ်
သေချင်စော်နံချင်လောက်တဲ့ အချစ်ရနံ့တွေကြား
ညီမလေး လူးလားခတ်ပျံချင်နေသလားကွာ
ကိုယ်ဝါသနာပါတဲ့အလုပ် ကိုယ့်ကို ကောင်းကျိုးပေးတယ်တဲ့
အစ်ကို ရင်မောမိတယ်ကွယ်
ညီမရဲ့ အပြုံးလှလှတွေ မြင်ရတိုင်း
အစ်ကို့လက်ထဲက တစ်ထောင်တန်ကို (အတုများလားဆိုပြီး)
မလုံမလဲနဲ့ ထောင်ကြည့်မိတယ်
ခေါင်းတွေလည်း မူးလိုက်တာ အစ်ကို ချိုချဉ်ကျွေး ဆိုပြီး
မဖြစ်စလောက်လေးတွေ ဂျီကျတာ
အစ်ကို ရင်တုန်တယ်ကွာ
ညီမလေးရယ်
နောက်ဆုံးတော့လည်း
မင်းကို
အစ်ကို သိပ်ချစ် တာ ပဲ ကွယ်။ ။
လမင်းအို
၂၉-၁၀-၀၈
faces(မုခ)magazine၊ ဖေဖော်ဝါရီ၊ ၂၀၀၉
မှတ်ချက်။ ။ ( )အတွင်းမှစာသားများ ဆင်ဆာပြုတ်သည်။
ကျွန်တော့်ညီမလေးကတော့ ဒီကဗျာကို (တအား)ကြိုက်တယ်တဲ့။ ခင်ဗျားတို့ကကော..........။
ဘယ်လိုအကြောင်းအရာကိုပဲဖြစ်ဖြစ် trphee.91@gmail.com ဆီ ဝေဖန်နိုင်ကြပါတယ်။ ဝေဖန်သူများကို ကြိုဆိုနေပါသည်။
Monday, August 2, 2010
Thursday, July 8, 2010
မင်းအပေါ် ကိုယ်ခံစားမိ
ကဗျာတစ်ပုဒ်က ကဗျာတစ်ပုဒ်အပေါ် ခံစားသလိုမျိုး
မင်းအပေါ် ကိုယ်ခံစားမိ
အိပ်မက်ချင်း ရင်းနှီးရုံသာ နီးကပ်တဲ့အိပ်မက်ထဲ
မင်းအပေါ် ကိုယ်ခံစားမိ
ဟောဒီသွေးကြောစိမ်းစိမ်းထဲမှာ စကားတွေပါတယ်
မင်းအပေါ် ကိုယ်ခံစားမိ
ခိုတွေ မိုးပေါ် ပျံတက်သွားကြတယ်
မင်းအပေါ် ကိုယ်ခံစားမိ
နံဘေးလက်ဘက်ရည်ဆိုင်က နိုင်ငံခြားဇာတ်ဝင်ခန်း
မင်းအပေါ် ကိုယ်ခံစားမိ
အဝေးပြေးလမ်းမပေါ်က ဟွန်းသံတွေ
မင်းအပေါ် ကိုယ်ခံစားမိ
မောင်ချောနွယ်လို ရင်ဘတ်ချင်းဂျက်ပင်ထိုး
မင်းအပေါ် ကိုယ်ခံစားမိ
အိပ်ပျော်နေတဲ့ပန်းချီဆရာဟာ မထဘူး
မင်းအပေါ် ကိုယ်ခံစားမိ
မဂ္ဂဇင်းအဖုံးပေါ် နာမည်တွေရောက်လာတယ်
မင်းအပေါ် ကိုယ်ခံစားမိ
ကောင်မလေးအပြင်ထွက်သွားတယ်
မင်းအပေါ် ကိုယ်ခံစားမိ
သနပ်ခါးဘဲကြားနဲ့ အပြတ်ပဲများတယ်
မင်းအပေါ် ကိုယ်ခံစားမိ
နာနာဘာဝမော်တော်ကားနဲ့ လျှောက်လည်ကြမယ်
မင်းအပေါ် ကိုယ်ခံစားမိ
အိပ်ယာခင်းတွေ ကြေမွလို့သွား
မင်းအပေါ် ကိုယ်ခံစားမိ
မင်းအပေါ် ကိုယ်ခံစားမိ
မင်းအပေါ် ကိုယ်ခံစားမိ။ ။
လမင်းအို
3-5-2010

မပျော်တွေးများ
ကိုယ့်အတွေး ကိုယ့်အသားနဲ့
ကိုယ့်ကိုယ်ကို ဈေးကစားပေမယ့်
ကလေးကလား လုံးဝမဆန်ဘူး။
ကိုယ်မှီတွယ်ထားရာ ဒီဘုံမှာ
တစ်ကိုတစ်နဲ့ မြှေက်နေကြသူတွေ
ဒဿမနောက်မှာ ကိန်းအများကြီးတိုးချင်သူတွေ
ရလေလိုလေ အိုတစ္ဆေဆိုတာ တကယ်ပါပဲလား။
ကိုယ်ယုံကြည်ထားခဲ့ရာ ဂရုဏာရပ်ဝန်းက
သိပ်ခေါင်တဲ့ မိုးတွေကြောင့်
မေတ္တာလယ်ယာတွေ ပတ်ကြားအက်
လောကဟာ ရှက်စရာကောင်းလိုက်တာ။
ဒီလိုသံသရာထဲ မေတ္တာလက်ဆောင်လက်မှတ်နဲ့
တိုးဝင်လာသူလို့ သံသယရှိနေရင်း
ဆွမ်းကြီးဝင်လောင်းနေမိတော့တယ်။ ။
လမင်းအို
31-5-2010
ကိုယ့်ကိုယ်ကို ဈေးကစားပေမယ့်
ကလေးကလား လုံးဝမဆန်ဘူး။
ကိုယ်မှီတွယ်ထားရာ ဒီဘုံမှာ
တစ်ကိုတစ်နဲ့ မြှေက်နေကြသူတွေ
ဒဿမနောက်မှာ ကိန်းအများကြီးတိုးချင်သူတွေ
ရလေလိုလေ အိုတစ္ဆေဆိုတာ တကယ်ပါပဲလား။
ကိုယ်ယုံကြည်ထားခဲ့ရာ ဂရုဏာရပ်ဝန်းက
သိပ်ခေါင်တဲ့ မိုးတွေကြောင့်
မေတ္တာလယ်ယာတွေ ပတ်ကြားအက်
လောကဟာ ရှက်စရာကောင်းလိုက်တာ။
ဒီလိုသံသရာထဲ မေတ္တာလက်ဆောင်လက်မှတ်နဲ့
တိုးဝင်လာသူလို့ သံသယရှိနေရင်း
ဆွမ်းကြီးဝင်လောင်းနေမိတော့တယ်။ ။
လမင်းအို
31-5-2010
Monday, June 28, 2010
ကျွန်တော် ဖြတ်သန်းပြီးတဲ့ စာနယ်ဇင်းတွေပေါ့ဗျာ
၁။ မင်္ဂလာမောင်မယ်
၂။ သောင်းပြောင်းထွေလာ ရယ်စရာ
၃။ ဖြစ်ရပ်မှန်
၎။ ရယ်စရာ
၅။ သောကြာ
၆။ Trur News Journal
၇။ ဈေးကွက် ဂျာနယ်
၈။ Beauty (လစဉ် ကလေးသတင်းများ ရေးနေပါသည်)
၉။ Faces (မုခ)
၁၀။ ရုပ်ရှင်အမြုတေ
၁၁။ အောင်လံရယ်ရွှင်ဖွယ်
၁၂။ ရတီ
၁၃၊ ရတနာပန်းခင်း
၁၄။ သာစည်ကျောင်း စိန်ရတု အထိမ်းအမှတ်စာစောင်(ကလေးမြို့)
၁၅။ ပြစ်မှု
၁၆။ Fashion
၁၇။ April Star
၁၈။ ပန်းအလင်္ကာ
၁၉။ ရုပ်ရှင်တေးကဗျာ

ကျွန်တော် အခုလောလောဆယ် ကလောင်သုံးမျိုးနဲ့ စာရေးနေပါတယ်။
ကျွန်တော်က ၂၀၀၅ မှာ စာရေးပါတယ်။ ဖြတ်သန်းပြီးသမျှကို မှတ်တမ်းတင်ထားတဲ့သဘောပါပဲ။
၁။ အမှတ်မထင်၊ မောင်လှမျိုးဦး(ကျီကုန်း)၊ မင်္ဂလာမောင်မယ်၊ ၂-၂၀၀၅
၂။ ဖူးစာရေးနတ်ထံသို့ အကြောင်းကြားစာ(ကဗျာ)၊ လမင်းအို၊ သောင်းပြောင်းထွေလာ ရယ်စရာ၊ ၁၁-၂၀၀၇
၃။ သတင်းကောင်း(ကဗျာ)၊ လမင်းအို၊ သောင်းပြောင်းထွေလာ ရယ်စရာ၊ ၄-၂၀၀၈
၎။ ငှက်ပျောတစ်ပင်၊ လှမျိုးဦး(ကျီကုန်း)၊ ဖြစ်ရပ်မှန်၊ ၈-၂၀၀၈
၅။ နတ်ခတ်ကြုံတဲ့ လမင်း၊ လမင်းအို၊ ရယ်စရာ၊ ၈-၂၀၀၈
၆။ ကတိ(ကဗျာ)၊ လမင်းအို၊ သောကြာ၊ ၁၂-၂၀၀၉
၇။ သူမ၏ ကကြိုးကကွက်(ကဗျာ)၊ လမင်းအို၊ သောင်းပြောင်းထွေလာ ရယ်စရာ၊ ၁-၂၀၀၉
၈။ ညီမလေးကို ချစ်တယ်(ကဗျာ)၊ လမင်းအို၊ Faces(မုခ)၊ ၂-၂၀၀၉
၉။ လက်ဖက်ရည်ဖိုး(တစ်မျက်နှာ)၊ လမင်းအို၊ ရုပ်ရှင်အမြုတေ၊ ၂-၂၀၀၉
၁၀။ လမ်းကြုံ(တစ်မျက်နှာ)၊ လမင်းအို၊ အောင်လံရယ်ရွှင်ဖွယ်၊ ၃-၂၀၀၉
၁၁။ ပို့တိုင်းမရွေး(ဟာသသီချင်း)၊ လမင်းအို၊ အောင်လံရယ်ရွှင်ဖွယ်၊ ၃-၂၀၀၉
၁၂။ မုန်းပိတောက်(ကဗျာ)၊ လမင်းအို၊ ရတီ၊ ၄-၂၀၀၉
၁၃။ ခိုးဝှက်တတ်သော ကျီးကန်းမ(ပုံပြင်)၊ လှမျိုးဦး(ကျီကုန်း)၊ ရတနာပန်းခင်း၊ ၄-၂၀၀၉
၁၄။ ခေါင်းလောင်းသံတွေကြားတိုင်း(ကဗျာ)၊ လမင်းအို၊ သာစည်ကျောင်းစိန်ရတုအထိမ်းအမှတ်စာစောင်(ကလေးမြို့)၊ ၅-၂၀၀၉
၁၅။ ညီမလေးက အိပ်နေတုန်း(ကဗျာ)၊ လမင်းအို၊ ရယ်စရာ၊ ၈-၂၀၀၉
၁၆။ အပူခိုး(တစ်မျက်နှာ)၊ လမင်းအို၊ ပြစ်မှု၊ ၈-၂၀၀၉
၁၇။ သူရာမိစာ၊ လှမျိုးဦး(ကျီကုန်း)၊ဖြစ်ရပ်မှန်၊ ၁၀-၂၀၀၉
၁၈။ နောက်ကြောင်း(ကဗျာ)၊ လမင်းအို၊ Fashion၊ ၁၀-၂၀၀၉
၁၉။ ဖိုဝင်းတောင်ရောက် ခရီးတစ်ထောက်(ဆောင်းပါး)၊ လမင်းအို၊ April Star(ခရီးသွားမဂဇင်း)၊ ၁၁-၂၀၀၉
၂၀။ မဆပ်နိုင်သေးတဲ့ မျက်နှာတွေ(ကဗျာ)၊ လမင်းအို၊ ပန်းအလင်္ကာ၊ ၅-၂၀၁၀
ကဗျာ၊ တစ်မျက်နှာ၊ ပုံပြင်၊ ဆောင်းပါး ဆိုပြီး တပ်မထားတဲ့ဟာတွေက ၀တ်ထုတွေပါ။
ကျန်တဲ့ သတင်းအကြောင်းတွေကိုတော့ အဆင်ပြေမှ တင်လိုက်မယ်ဗျာ။

ကျွန်တော် ကံဇာတာ အကြောင်းပါ
မည်သည့်လ၌မဆို (၆) ရက် (၁၅) ရက် (၂၄) ရက်ဖွားမြင်သောသူများ
(၆) ဂဏန်းသည် အချစ်ကို ကိုယ်စားပြုသဖြင့် အများ၏ ချစ်ခင်ခြင်း၊ သူတပါးကို
မိမိဘက်ပါလာအောင် ဆွဲဆောင်နိုင်ခြင်း သဘာဝရှိ၏။ အလှအပနှင့် သာယာမှု
အားလုံးတွင် တွယ်တာတပ်မက်မော၏။ ပျော်ပွဲ ရွှင်ပွဲများ တေးဂီတ
တီးမှုတ်ခြင်းကို များစွာ နှစ်ခြိုက်တတ်၏။
အမှုကိစ္စပြုလုပ်ရာတွင် ဇွဲရှိရှိနှင့် ပြီးဆုံးသည့်တိုင်အောင်
ဆောင်ရွက်သွားတတ်ကြလေသည်။ သည်းခံတတ်သည်။ တည်ငြိမ်သော သဘောရှိပြီး
ချစ်ခင်ကြင်နာမှုလည်း အပြည့်ရှိလေသည်။ စည်းကမ်းဥပဒေနှင့်
မိရိုးဖလာအယူအဆများ လူကြီးသူမတို့၏ စကားများကို လက်ခံကျင့်သုံးတတ်သည်။
သည်းခံမှု ကြင်နာမှုရှိသော်လည်း ၎င်းတို့စိတ်မတွေ့ဘဲ ဒေါသဖြစ်လာပါက
တရှိန်ထိုးတိုက်ခိုက်တတ်လေသည်။ မည်သူ့ကို ကြောက်ရွံ့ရမှန်းမသိဘဲ
ကြောက်စရာကောင်းလောက်အောင် ကြမ်းတမ်းခက်မာတတ်ကြလေသည်။
မိန်းမချော မိန်းမလှများ တမ်းတမ်းစွဲဖြစ်ခြင်း၊ မြင်မြင်ချင်း
အရူးအမူးချစ်ခြင်းကို ခံရတတ်သော ဂဏန်းပိုင်ရှင် များလည်းဖြစ်ကြသည်။
အလှအပကို လူတိုင်းထက် ၎င်းတို့က ပိုကြိုက်ကြလေသည်။ အပြောအဆိုကောင်း၍
သူတပါးကျအောင် ပြောနိုင်စွမ်း၏။ ရုပ်ရှင်၊ ဇာတ်သဘင် စသည့်
အနုပညာလုပ်ငန်း၌ အောင်မြင်ထင်ရှားသူများ အလွယ်တကူဖြစ်နိုင်သည်။
(၆) ဂဏန်းသမားများသည် ဖြေးဖြေးမှန်မှန် ဇွဲကောင်းကောင်းနှင့်
မည်သည့်အရာ၌မဆို ခံနိုင်ရည်စွမ်းရှိ၏။ မိမိကိုယ်ကိုနှင့် ပတ်ဝန်းကျင်ကို
လိုက်ဖက်အောင် ပြုပြင်ဖန်တီးတတ်၏။ တစ်ဖက်သား ဆန့်ကျင်ဘက်လိင်အား
ဆွဲဆောင်နိုင်စွမ်းရှိ၏။ နှလုံးသားရေးရာမှာ ဆွေးမြေ့ကြေကွဲနေဟန်ကို
သူမတူအောင် ကျွမ်းကျင်တတ်ကြလေသည်။
တစ်ဖက်သားကို မိမိဘက်သို့ ဆွဲဆောင်ရာတွင်လည်း ဂီတ တေးသီချင်းများ
သီဆိုတီးမှုတ်ခြင်း ခြေငံ ပြေပြစ်စွာ ပြောဆိုတတ်ခြင်းစသည်တို့ကို
အသုံးချတတ်လေသည်။ ရွှင်လန်းချမ်းမြေ့စရာကောင်းသော မျက်နှာထားမှာလည်း
လူချစ်လူခင်ပေါများသော အကြောင်းတစ်ရပ်ဖြစ်လေသည်။ ပျော်ရွှင်စွာ
နေထိုင်တတ်သော အကျင့်ရှိ၏။ တရားမျှတမှု သမာသမတ်ကျမှုကို အထူးလိုလားပြီး
အထူးသဖြင့် မတရားပြုသူများကို ငုံ့မခံဘဲ ပြန်လည်ချေမှုန်း တတ်လေသည်။
ပတ်ဝန်းကျင် သာယာခြင်းမရှိပါက (၆) ဂဏန်းသမားများ
အလွန်စိတ်ဆင်းရဲကြရလေသည်။ ပတ်ဝန်းကျင်ကောင်းမှ သာယာပျော်ရွှင်စွာ
နေထိုင်တတ်လေသည်။
(၆) ဂဏန်းသမားများ ဆောင်ထားသင့်သော ကျောက်မျက်မှာ မြကျောက်ဖြစ်သည်။
အကျိုးပေးသော အရောင်မှာ အပြာရောင်နှင့် နှင်းဆီရောင်
ပန်းရောင်တို့ဖြစ်သည်။ ရှောင်သင့်သော အရောင်မှာ အညိုရောင်နှင့်
အနက်ရောင်ဖြစ်သည်။ သွေးတိုးရောဂါရတတ်သည်။ ကာမဂုဏ်ကို
လိုက်စားခြင်းကြောင့် ဥပဒ်ရတတ်သည်။ အရက်သေစာကြောင့်၎င်း
ချိုလွန်းသောအစားအစာကြောင့်၎င်း ဆိမ့်လွန်းသော အစားအစာကြောင့်၎င်း
ဘေးရောက်တတ်သည်။ ကျောက်ကပ်ရောဂါ ဆီးရောဂါကိုလည်း သတိထားသင့်သည်။
လတ်ဆတ်သော အသီးအရွက်များကို မပြတ်စားသုံးသင့်သည်။ လေကောင်းလေသန့်များ
မကြာခဏ ရှုသင့်သည်။ ပင်ကိုယ်အားဖြင့် ကျန်းမာရေး
အခံကောင်းသူများဖြစ်ပါသည်။
(ကျွန်တော်နဲ့ ကျွန်တော်ချစ်သူက မွေးရက်ဂဏန်းတူကြတယ်လေ။ ဒါကြောင့် ဘ၀တစ်သက်တာလုံးသုံးလို့ရအောင် တင်ဆက်လိုက်တာပါ။ ထပ်တူကျနိုင်သူတွေပါ ယူနိုင်ပါတယ်။)

Thursday, June 10, 2010
ရိုးသားတဲ့ မင်းရှေ့ကို အနာဂတ်တွေ ကြယ်တွေ အချစ်တွေ
ညီမလေးရဲ့ မျက်လုံးတွေက သိပ်လှတာပဲ
အဲဒီမျက်လုံးတွေထဲ အစ်ကို ခွေခေါက်မူးလဲသွားခဲ့ပေါ့
ခပ်ကျဉ်ကျဉ်ရာသီဥတုရဲ့ တစ်မနက်မှာ
မာဖလာအဖြူကြားပတ်တဲ့ ညီမလေး
မင်းပါးလေးတွေဟာ အလွန်မွှေး
ရနံ့သင်းတဲ့ ကော်ဖီခွက်တွေဟာ နံနက်ခင်းရဲ့အာဟာရဖြစ်ခဲ့
လက်သည်းကိုပုံဖော်သလို ညီမလေးရဲ့အစ်ကို့နှလုံးသားကလည်း
အလိုက်သင့်လှုပ်ရှားခဲ့
လှသလောက် ရိုးသားတဲ့ မျက်လုံးလေးတွေရယ်
မင်းရှေ့ကို ဆံတစ်နွယ်မှ မကွယ်ထားပါနဲ့
ဒါပေမယ့် ဆံပင်ကိုတော့ အရှည်ထားပါ ညီမလေးနော်
အိပ်မက်တွေဟာ အနာဂတ်တွေပဲပေါ့လို့ပြောရင်
ခေါင်းညိတ်ပြုံးတဲ့ ညီမလေး
ဟိုဝေးက ကြယ်တွေ လက်ချိုးရေရင်း
အချစ်တွေ ထုတ်ပြတတ်တဲ့ ညီမလေး
မနက်က စင်စင်မလင်းသေးဘူး
အစ်ကို့အကြောင်းတွေးတယ်ဆိုတဲ့ ညီမလေး
တစ်မျိုးမျိုးသော မာယာတွေရဲ့ကြားမှာ
သာယာစွာနဲ့ ဘာလို့များ အစ်ကိုပျော်ဝင်သွားရတာတဲ့လဲ
ချစ်လို့ပဲပေါ့နော်
ထောင့်ကျဉ်းထောင့်ကျယ်ဘ၀ကြီးရဲ့ အတက်အကျစံနှုန်းတွေထဲမှာ
ကိုယ့်ကိုယ်ကို တိမ်စိုင်လို ရွေ့ရွေ့မျောရင်း ညီမလေးရဲ့အစ်ကို
တစ်မနက်မှာ ညီမလေး မင်းပါးလေးတွေဟာ နံနက်ခင်းရဲ့အာဟာရ
လက်သည်းကို ပုံဖော်သလို ရိုးသားတဲ့မင်းရှေ့ကို အနာဂတ်တွေ ကြယ်တွေ အချစ်တွေ
မနက်က စင်စင်မလင်းသေးဘူး အစ်ကို့အကြောင်းတစ်မျိုးမျိုး
သာယာစွာနဲ့ဘ၀ကြီးရဲ့ တိမ်စိုင်လို ညီမလေးရဲ့အစ်ကို။ ။
လမင်းအို
10/6/2010

Tuesday, June 8, 2010
အချစ်ဆိုတာ
ကျွန်တော်မှန်နေသလောက်
ကျွန်တော့်အချစ်တွေက မှားယွင်းခဲ့တယ်
တစ်သက်လုံး ရင်မှာဖူးလာတဲ့ အချစ်ပန်းတွေ
စိတ်ကြိုက်လက်ကြိုက် စည်စည်ကားကား
အိပ်မက်တွေ မေ့လောက်အောင်ဖွံထွားပေမယ့်
`မျက်ရည်ခံမှည့်တစ်လုံးနဲ့ ပန်းတွေပြုန်းခဲ့တယ်
ချစ်ရမှာ သေချာလား မသေချာလား မသိရခင်
လောက်လန်းလို လူးလွန့်နေတဲ့ အချစ်တွေက
ခဏခဏ အပြင်ကို ချောင်းကြည့်လို့
စိတ်ကို တတိတိကုန်ဆုံးစေနေတယ်
တကယ်ဗျာ
အချစ်ရေးကံခေတဲ့ ဗေဒင်ဟောစာတန်းတွေ
ဟိုမှာက ချစ်သူရ၊ ဒီမှာက ချစ်သူကွဲ
သူတို့ကပဲ လွဲတာလား၊ အချစ်ကပဲမမြဲတာလား
ဆိုခဲ့သလို
ကျွန်တော်မှန်နေသလောက်
ကျွန်တော့်အချစ်တွေက မှားယွင်းခဲ့တယ်။ ။

နေမကောင်းသေးဘူး
နက်ဖြန်ခါ တနင်္လာ
ကျွန်တော် မှန်မကြည့်ချင်တော့ဘူး
အပြင်မှာ လေစိမ်းတွေတိုက်နေသမျှ
လက္ခဏာကြည့်ပြီး ကဗျာရေးနေရ
အိုလေ...ဘာပဲဖြစ်ဖြစ်
နေကောင်းလာရင် လာဖြစ်မယ့်အကြောင်း
တယ်လီဖုန်းကို အခါခါနှိပ်ရ ရော့...ငါးဆယ်
ဆယ်ခါ့တစ်ခါ ခေါင်းကိုဖြီးလို့
အိုက်တင်တွေ ပြောင်အောင်ပွတ်ရင်း
ဒဏ်ကြေဆေးကို လက်ထဲပွတ်ရှု
အုတူတူငါးတစ်ကောင်က တီကို ကိုက်ဆွဲ
သူ့မက်လုံးထဲ ဘယ်ငါးမျှားချိပ်က၀င်လာမလဲ
နေပူကို လရောင်အောက်ကစောင့်
သတ်ပုံမှာ အက္ခရာလွဲနေသေးသမျှ
နက်ဖြန်ခါ တနင်္လာ
ကျွန်တော် မှန်မကြည့်ချင်တော့ဘူး
အပြင်မှာ လေစိမ်းတွေတိုက်နေသမျှ
လက္ခဏာကြည့်ပြီး ကဗျာရေးနေရ။ ။
လမင်းအို
ကျွန်တော် မှန်မကြည့်ချင်တော့ဘူး
အပြင်မှာ လေစိမ်းတွေတိုက်နေသမျှ
လက္ခဏာကြည့်ပြီး ကဗျာရေးနေရ
အိုလေ...ဘာပဲဖြစ်ဖြစ်
နေကောင်းလာရင် လာဖြစ်မယ့်အကြောင်း
တယ်လီဖုန်းကို အခါခါနှိပ်ရ ရော့...ငါးဆယ်
ဆယ်ခါ့တစ်ခါ ခေါင်းကိုဖြီးလို့
အိုက်တင်တွေ ပြောင်အောင်ပွတ်ရင်း
ဒဏ်ကြေဆေးကို လက်ထဲပွတ်ရှု
အုတူတူငါးတစ်ကောင်က တီကို ကိုက်ဆွဲ
သူ့မက်လုံးထဲ ဘယ်ငါးမျှားချိပ်က၀င်လာမလဲ
နေပူကို လရောင်အောက်ကစောင့်
သတ်ပုံမှာ အက္ခရာလွဲနေသေးသမျှ
နက်ဖြန်ခါ တနင်္လာ
ကျွန်တော် မှန်မကြည့်ချင်တော့ဘူး
အပြင်မှာ လေစိမ်းတွေတိုက်နေသမျှ
လက္ခဏာကြည့်ပြီး ကဗျာရေးနေရ။ ။
လမင်းအို
ရန်ဖြစ်သံ လုံးဝ မစဲဘူး
အလွမ်းတွေပေါ် အလွမ်းတွေစုလာတဲ့အခါ နေထိုင်မကောင်းဖြစ်လာပြီး
ကြပ်ကြပ်သပ်သပ်အလွမ်းတွေအိပ်ခန်
းထဲက တိုးထွက်လိုက်တယ် နွေဦးကိုကြိုဆိုနေတဲ့
ငါတို့ မြို့လယ်က မြင်းစီးကြေးရုပ်ကြီး အရင်လိုတောက်ပြောင်မှု
အခမ်းအနားတွေ မခမ်းနားတော့ပါဘူး တစ်စစကျဉ်းမြောင်းလာတဲ့
ဥပုသ်ချောင်းလေးရဲ့ တေးသံကို ကမ်းပါးစောင်းမှာနေတဲ့
စာရေးဆရာက လိုက်မှတ်ယူနေတယ် ကိုယ်ကောင်
နေရာအနှံ့အပြားမှာ ပိုင်ဆိုင်လိုမှုစိတ်တွေက ယားနာတစ်ခုလို
အလွမ်းတွေပေါ် နေထိုင် အိပ်ခန်းထဲက တိုးထွက်
မြင်းစီးကြေးရုပ်ကြီး မခမ်းနားတော့ပါဘူး ဥပုသ်ချောင်းလေးရဲ့
စာရေးဆရာက ပိုင်ဆိုင်လိုမှုစိတ်တွေ စုလာတဲ့အခါ မကောင်းဖြစ်လာပြီး
နွေဦးကိုကြိုဆိုနေတဲ့ အရင်လိုတောက်ပြောင်မှု
တစ်စစကျဉ်းမြောင်းလာတဲ့ တေးသံကိုလိုက်မှတ်ယူနေတယ်
အလွမ်းတွေကြပ်ကြပ်သပ်သပ်လိုက်
တယ်
ငါတို့ မြို့လယ်က အခမ်းအနားတွေ
ကမ်းပါးစောင်းမှာနေတဲ့ ကိုယ်ကောင်နေရာအနှံ့အပြားမှာ
ယားနာတစ်ခုလို ရန်ဖြစ်သံလုံးဝမစဲဘူး။ ။

Subscribe to:
Posts (Atom)