Sunday, December 18, 2011

အလှဟာ သူ့အလှနဲ့သူ လှလို့ပလို့

ဆဲလ်အသေတွေကို ကောက်ယူစားသုံးလိုက်တိုင်း

ကြံဖန်တိုက်ဆိုင်လာတဲ့ မတည်မြဲမှုစက္ကန့်တွေစာ

တစ်စုံတရာကို စိတ်ဝင်စားဟန်ဆောင်လို့

အသက်တစ်ချက်ရှိုက်တိုင်း ရာသီဟာ တစ်ပတ်လည်ခဲ့

မသေချာတော့တဲ့ ကံစမ်းမဲလက်မှတ်ကို စွန့်ပစ်လိုက်တော့

အလှဟာ သူ့အလှနဲ့သူ လှလို့ပလို့

ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့ ရင်ဘတ်တွေဟာ

တစ်စုံတရာလွဲချော်မှုနဲ့ ပိန်လှီခြောက်ကပ်လာခဲ့တော့

မယုံနိုင်ရာ မယုံရဲရာ အံ့သြစရာတွေဟာ

အလိုလိုဖြစ်တည်လာခဲ့ကြ ဒါဟာ လောကသဘာဝ

မဖြေဆိုချင်တော့တဲ့ မေးခွန်းပေါင်းများစွာအတွက်

ကိုယ်တိုင်ရေးထိုးခဲ့တဲ့ လက်မှတ်တစ်ခုကပဲ

ဆိုင်ရာပိုင်ရာတွေကို သိသာစေလိုက်ရပါတယ်။

ကျွန်တော်လှတဲ့ အလှဟာ ကျွန်တော့်အိပ်မက်မှာတည်မြဲလို့

ဆုံတွေ့ရာ အိပ်စက်ခန်းထဲမှာ ကျဆုံးကြေကွဲ

ဖန်တရာတေ ဇာတ်လမ်းတွေပြောပြခဲ့တဲ့

ပညာတတ်အသိုင်းအ၀ိုင်းတွေကို ရောက်ရာအရပ်က

လိမ္မာပြလိုက်ပါတယ် လှပဖို့။ ။

လမင်းအို

No comments:

Post a Comment